Political Ideology


လွှတ်တော်ထိရောက်အောင် အော်ပြောကြတာပေါ့

နိုင်ငံရေးပါတီတွေက ဆက်ဆံရေးကမကောင်း၊ လွှတ်တော်အမတ်တွေကလည်း စကားပြောရတာအဆင်မပြေ၊ နိုင်ငံရေးသမားတွေကည်း ပြန်ပြီး ဆရာကြီးလုပ်၊ သတင်းရင်းမြစ်တွေကလည်း.....
အဲလူတွေ နည်းနည်းစဉ်းစားပေးကြစေချင်ပါတယ်၊
တကယ်လို့ မီဒီယာသာမရှိတော့ရင် သူတို့အားလုံးလည်း ရှိပါဦးမလားလို့၊ တကယ်လို့ရှိခဲ့ရင်လည်း မြောက်ကိုရီးယားလို၊ စင်္ကာပူလို တစ်ပါတီစနစ်နဲ့ ကျွန်တော်တို့(ပြည်သူတွေအားလုံး) အသက်ဝဝရှုကြရပါမလား?

“လူတိုင်းလူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆပိုင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ ဤလွတ်လပ်ခွင့်တွင် အနှောက်အယှက်မရှိဘဲ ထင်မြင်ယူဆပိုင်ခွင့်နှင့်မည်သည့် မီဒီယာပုံသဏ္ဍန်မျိုးမှမဆို သတင်းအချက်အလက်များကို လက်ခံပိုင်ခွင့်နှင့် ဝေမျှပိုင်ခွင့်ရှိသည်။”                                              (အပိုဒ် ၁၉-နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတမ်း)

ဒီအချက်တွေကို ကျွန်တော်တို့အားလုံးမွေးကတည်းကရထားပြီးသားပါ။
ဟုတ်တယ် ခင်ဗျားတို့က ပြောမယ်၊ စင်္ကာပူလို ချမ်းသာရင်ပြီးတာပဲလို့၊ ပိုက်ဆံပေးထားရင်ရတယ်၊ တခြားဘာမှ မလိုဘူးလို့ ပြောရင်လည်း ကျွန်တော့်မှာပြောစရာမရှိပါဘူး၊ ဒါပေမယ့် ကင်ဂျုံအီသေရင်ငိုသလို သူတို့ငိုခိုင်းရင် ငိုဖို့တော့ အားမွေးထားရမယ်။ ခေတ်ပျက်ထဲမှာ စီးပွားရေးလုပ်ပြီးချမ်းသာချင်ရင်တော့ သဘောပဲ။ ဘယ်သူက အစိုးရကို စောင့်ကြည့်မလဲ၊ ဘယ်သူက ပြည်သူတွေပြောချင်တာကို အစိုးရကို ပြောပေးမလဲ။

"ခု Media Law ကို ရေးဆွဲပြီးပြီ၊ လွှတ်တော်ကို တင်ဖို့နောက်ဆုံးအဆင့်ပဲကျန်တော့တယ်"(ဦးရဲနိုင်မိုးပြောပြချက်)
မီဒီယာဥပဒေက အချက် ၁၀ ချက်နဲ့ ရေးဆွဲပြီးသွားပြီ၊
ကဲ...လွှတ်တော်ထဲက အမတ်တွေက ကျွန်တော်တို့မီဒီယာတွေအတွက် မီဒီယာဥပဒေကို ဆုံးဖြတ်ပေးတော့မယ်၊

ဒါပေမယ့် သူတို့က ဘယ်အတိုင်းအတာထိ မီဒီယာတွေကို လေးစားမှုရှိသလဲ၊ အလေးပေးမှုရှိသလဲ၊ သူတို့ ကကောဘယ်လောက်ထိမှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းရှိသလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ့်အခြေအနေ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားချက်အရတော့ မီဒီယာဥပဒေ ပြဌန်းပြီးသွားရင် ဆင်ဆာဆိုတာ မရှိတော့ဘူး တဲ့၊

တစ်ခုရှိတယ်..
"မီဒီယာဥပဒေထွက်လာလို့ ဟေ့ ထွက်လာပြီဟေ့ ဆိုပြီး ပျော်မနေနဲ့ဦး၊ အဲဒီမီဒီယာဥပဒေထဲ ကဘယ်လောက်ထိ သတင်းမီဒီယာသမားတွေကို ကာကွယ်ပေးနိုင်သလဲဆိုတာ ကြည့်ရဦးမယ်" လို့ ဦးရဲနိုင်မိုးကပြောတယ်။

တကယ်လို့ မီဒီယာဥပဒေက မပြည့်စုံဘူး၊ ကျွန်တော်တို့ကို အပြည့်အဝ ကာကွယ်မပေးနိုင်ဘူးဆိုရင် လိုအပ်တာတွေရှိနေရင်တော့ ကျွန်တော်တို့တွေ အားလုံး တရားဝင်တဲ့နည်းနဲ့ 

လွှတ်တော်ထိရောက်အောင် အော်ပြောကြတာပေါ့၊
လွှတ်တော်ထိရောက်အောင် အော်ပြောကြတာပေါ့
လွှတ်တော်ထိရောက်အောင် အော်ပြောကြတာပေါ့
လွှတ်တော်ထိရောက်အောင် အော်ပြောကြတာပေါ့
အော်... ပြော... ကြ... တာ... ပေါ့

မြတ်ကျော်သူ

No comments:

Post a Comment